Skip to content
Event

Ubuntu 19.10 (Eoan Ermine)

Ko Ko Ye

Founder

1 min read

Ubuntu 19.10 Code Name – Eoan Ermine လို့ နာမည်ပေးထားတဲ့ Version အသစ်ဟာ ယခုလ ၁၇ ရက်နေ့ မှာ stable ထွက်လာတော့မှာဖြစ်ပါတယ် Beta Version ကို စမ်းသပ်ချင်ရင်တော့ ဒီမှာ ISO Download ပြုလုပ်လို့ရပါတယ်။

ယခု Update မှာ ပြောင်းလဲသွားတဲ့ Feature များကတော့

Faster boot

Ubuntu 19.10 မှာ LZ4 compression algorithms ကို သုံးထားလို့ Booting time ဟာ အရင် version များထက် ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။

GNOME 3.34

GNOME 3.34 မှာ Performance နဲ့ Visual တွေပြောင်းလဲထားပါတယ်။ Lock Screen & Wallpaper ကို ဆတစ်ပြိုင်ထဲ ပြောင်းလဲသွားတာက သိသာတဲ့ အချက်ဖြစ်ပါတယ်။

Night Light ကို လည်း New Tab အနေနဲ ခွဲထုတ်လိုက်ပါတယ်။ Location Service တွေပိတ်ထားရင်တောင်သုံးလို့ ရနေပါတယ်။

နောက်ထက်ပါလာတဲ့ တစ်ခုက App တွေကို Group တွေခွဲထားနိုင်တာဖြစ်ပါတယ်။ Group တွေခွဲထားနိုင်ပေမဲ group name ကို တော့ စိတ်ကြိုက်ပြောင်းလဲလို့ရမှာမဟုတ်ပါဘူး.။

Yaru ( Dark and Light )

Default Theme ဖြစ်တဲ့ Yaru မှာ top panel က Dark ဖြစ်ပြီး Application windows တွေက Light ဖြစ်နေပါတယ်။

အခု Dark ကိုပြောင်းလိုက်ရင် Application windows တွေပါ Dark ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Application တိုင်းတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

နောက်ဆုံးတစ်ခုက Ubuntu ရဲ့ နောင်လာမဲ့ Update တွေမှာ 32 Bit version လာတော့မှာ မဟုတ်ပါဘူး။

နောက်ထပ်ပြောင်းလဲသွာတာတွေကတော့

GCC 9

Python 3.7

Open JDK 11

Golang 1.12 တို့ပဲဖြစ်ပါတယ်။

Ref : itsfoss.com

ယခု လာမဲ့ အောက်တိုဘာ ၂၀ မှာ Release party ရှိပါတယ်

Event Link >> https://www.facebook.com/events/401159594115829/

Copywriter: Pyae Phyo Hein

Tagged1910EoanEoan ErminefeaturegnomeRelease Partyubuntuubuntu-mmubuntumm

Ubuntu 19.10 Release Party (Yangon)

ဧပြီလနှင့် အောက်တိုဘာလတို့တွင် အသစ်ထုတ်ဝေလေ့ ရှိတဲ့ Ubuntu တိုင်းကို ကမ္ဘာ တဝမ်းရှိ Ubuntu user များမှ စုပေါင်း၍ Release Party ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၇ ရက်နေ့…

Zaw Ye Lwin

1 min read

Ubuntu 19.04 “Disco Dingo” Has Arrived

It’s the time to disco! ဟဟ… ubuntu 19.04 ကတော့ download စဆွဲလို့ရနေပြီဆိုပာတော့။ ကျနော် အရင်ကရေးခဲ့သလိုပဲ အသစ်ထွက်လာပြီဆိုတော့ feature အသစ်လေးတွေလည်းပါလာတော့မှာပေါ။ အခု post က…

Wai Yan Win Htain

3 min read

Ubuntu 21.10 Release Date and Features

Featured News Ubuntu Ubuntu 21.10 ကတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ Gnome 40, GCC11 နဲ့ Flutter toolkit ပိုင်း စုံစုံလင်လင်နဲ့ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ် Release Dates Beta…

Ko Ko Ye

1 min read