Ubuntu 21.10 Release Date and Features
Ko Ko Ye
Founder
1 min read

Featured News Ubuntu
Ubuntu 21.10 ကတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ Gnome 40, GCC11 နဲ့ Flutter toolkit ပိုင်း စုံစုံလင်လင်နဲ့ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်
Release Dates
Beta release: 23rd September
Release Candidate: 7th October
Final Release: 14th October
Ubuntu 21.10 codename – ‘Impish Indri’ လို့ အမည်ပေးထားပါတယ်.
New Features တွေ ဘာတွေပါ၀င်လာမလဲ
Official feature list အနေနဲ့ တိတိကျကျ ထွက်မလာသေးပေမဲ့လည်း ပါ၀င်လာနိုင်တဲ့ features တွေကတော့
1. Gnome 40
သိသာတဲ့အပြောင်းအလဲအနေနဲ့ မကြာသေးခင်ကထွက်ရှိထားတဲ့ Gnome 40 ပါ၀င်လာပြီး workspaces နဲ့ dash တွေကို horizontal design ပုံစံအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်
2. Theme Change
Desktop Environment အပိုင်းမှာတော့ Window Color – Light , Dark mode ပဲပါ၀င်လာပြီး Standard(mixed-color) တော့ Ubuntu 21.10 မှာ မပါလာတော့ပါဘူး။ Light mode ကတော့ Default ဖြစ်နေမှာပါ
3. New Desktop Installer [မပါဝင်လာသေးပါ]
New Desktop installer အနေနဲ့ OS installation ပိုင်းမှာ ပိုမိုလွယ်ကူတဲ့ user experience ပိုင်းတွေနဲ့ပြောင်းလဲထားပြီး repair installation featrue အသစ်ပါ ပါ၀င်လာပါတယ်

Ref: https://discourse.ubuntu.com/t/refreshing-the-ubuntu-desktop-installer/20659/60
4. Zstd Compression
Ubuntu 21.10ကနေစပြီး Facebookကနေ developed လုပ်တဲ့ ‘Zstd’ ကို .deb packages တွေမှာ အသုံးပြုလာတော့မှာပဲဖြစ်ပါတယ် ဒီအပြောင်းအလဲက packaegs/archivesတွေ decompressing လုပ်တာမှာ ပိုမြန်လာတဲ့အတွက် installation speed တွေသိသာလာမှာပဲဖြစ်ပါတယ်
နောက်ထပ် features တွေအနေနဲ့
-
Snap version of FireFox
-
GCC 11
-
More usage of Flutter toolkit
-
Flutter ပိုင်းနဲ့
-
Linux Kernel 5.14 တို့ပဲ ဖြစ်ပါတယ်
Upgrade or download Ubuntu 21.10
Final stable release ကလည်းထွက်ရှိလာပါပြီ လက်ရှိ Ubuntu 21.04 အသုံးပြုနေတာဆိုရင် ဒီ link ကတဆင့် Ubuntu 21.10 ကို upgrade လုပ်နိုင်ပါတယ်
ISO file အတွက် ဒီ link ကတဆင့် Download ရယူနိုင်ပါပြီ
References
https://news.itsfoss.com/ubuntu-21-10-release-schedule/
https://discourse.ubuntu.com/t/impish-indri-release-notes/21951
https://en.wikipedia.org/wiki/GNOME#GNOME_40
Author / Translator: Han Min Myat
Related posts
Ubuntu 21.10 Install Demo
Ubuntu 21.10 Is released. https://releases.ubuntu.com/21.10/ https://youtu.be/pQBL0dDYWxI Estimate: 10 Min Play Speed: x4
1 min read
Ubuntu 19.10 (Eoan Ermine)
Ubuntu 19.10 Code Name – Eoan Ermine လို့ နာမည်ပေးထားတဲ့ Version အသစ်ဟာ ယခုလ ၁၇ ရက်နေ့ မှာ stable ထွက်လာတော့မှာဖြစ်ပါတယ် Beta Version ကို စမ်းသပ်ချင်ရင်တော့ ဒီမှာ ISO Download…
1 min read
Ubuntu 19.04 Disco Dingo Release
Disco Dingo http://releases.ubuntu.com/19.04/ Download Ubuntu 19.04 Images can be downloaded from a location near you. You can download ISOs and flashable images from:…
1 min read





