Ubuntu 19.10 Release Party (Yangon)
Zaw Ye Lwin
Contributor
1 min read


ဧပြီလနှင့် အောက်တိုဘာလတို့တွင် အသစ်ထုတ်ဝေလေ့ ရှိတဲ့ Ubuntu တိုင်းကို ကမ္ဘာ တဝမ်းရှိ Ubuntu user များမှ စုပေါင်း၍ Release Party ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ဝေမှာကတော့ Code name >> Eoan Ermine << လို့ခေါ်ပါတယ်။ Desktop Version ကို ၉လ အထိ အထောက်အပံ့ပေးလေ့ရှိပါတယ်။
ယခု ထွက်ရှိလာတဲ့ version အသစ်မှာ ဘယ်လို features တွေပါလာမလဲ? ဘယ်လိုအပြောင်းအလဲ လေးတွေ တွေ့ရမလဲ? ဆိုတာကို Ubuntu Myanmar LoCo team နှင် အတူ ဆွေးနွေး ဖို့ Ubuntu 19.10 Release Party သို့ဖိတ်ခေါ် လိုက်ပါတယ်။
မိမိတို့ရဲ့ Laptop တွေကို ယူဆောင်လာပြီး Ubuntu 19.10 (Eoan Ermine) နောက်ဆုံးထုတ် Version ကို ထည့်သွင်းနိုင်ပါမယ်။ထို့အပြင် system engineering, security, DecOps,Containerization တို့နှင့် သက်ဆိုင်သော ဆွေးနွေးမှူများ နှင့် အခြားစိတ်ဝင်စားဖွယ်ရာ workshop များလဲ ပါဝင်မှာဖြစ်ပါတယ်။
October 20 ရက်နေ့ Kanaung Hub အဆောင် ၁၄ အခန်း ၄ တွင် ၈း၃၀ မှ ၅း၀၀ နာရီ အထိကျင်းပ ပြုလုပ် မှာကျင်းပမှာဖြစ်ပြီး စ်တ်ဝင်စားဖွယ် အစီစဉ်များနဲ့ lucky draw အစီစဉ်များလဲ ပါဝင်မှာ ဖြစ်ပါတယ်။ပွဲ တတ်ရောက်လိုသူများ ဒီ http://tiny.cc/joahez တွင် registration ပြုလုပ်ပေးပါ။
Related posts
Ubuntu 19.10 (Eoan Ermine)
Ubuntu 19.10 Code Name – Eoan Ermine လို့ နာမည်ပေးထားတဲ့ Version အသစ်ဟာ ယခုလ ၁၇ ရက်နေ့ မှာ stable ထွက်လာတော့မှာဖြစ်ပါတယ် Beta Version ကို စမ်းသပ်ချင်ရင်တော့ ဒီမှာ ISO Download…
1 min read
Ubuntu Global Jam – Myanmar LoCo Team
Ubuntu Global Jam ဆိုတာဘာလဲ တကမ္ဘာလုံးရှိ Ubuntu User Group များ LoCo Team များ ဆုံတွေ့ပြီး ubuntu ကိုပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြသည့် ပွဲဟု ပြောနိုင်ပါသည်။ တွေ့ဆုံပွဲများကို…
2 min read
SFD – Software Freedom Day 20-sep-2014
စက်တင်ဘာလ တတိယပတ် စနေနေ့ဟာ အခမဲ့လွတ်လပ် ဆော့ဝဲနေ့ဖြစ်ပါတယ်။ တကမ္ဘာလုံးက ဒီနေ့မှာ Software Freedom Day အဖြစ်ဆင်နွဲကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က Ubuntu Myanmar LoCo Team နဲ့…
1 min read



