Skip to content
Installaltion

ubuntu one free for everyone

Chit Ko Ko

Contributor

2 min read

Ubuntu One

Ubuntu One application သည် Ubuntu Operating System  ၏ Cloud ဝန်ဆောင် မှု တစ်ခုဖြစ်သည့်အပြင် register လုပ်ထားပါက  5 Gb free cloud storage ရရှိမည်ဖြစ်ပါသည်။

https://login.ubuntu.com/d5TTBpVQDlC570CQ/+new_account သို့သွားပါ။ Account တစ်ခုတည်ဆောက်ပါ။

ထို့နောက်သင် cloud ပေါ်သို့ sync လုပ်လိုသော file များကို  Ubuntu One Folder တွင်းသို့ ပြောင်းရွှေ့ ထားရုံဖြင့် သင်သည် သင် ၏ file များကို device များမှ ပြန်လည်ရယူသုံးစွဲနိုင်ပါသည် ။

ယင်းကဲ့သို့ ပြန်လည်ရယူသုံးစွဲနိုင်ရန် မဖြစ်မနေ internet connection လိုအပ်မည် ဖြစ်သည်။ အသေးစိတ်အချက်အလက် များကိုလေ့လာရန် https://one.ubuntu.com/help/faq/#account_referrals တွင် မိမိအသုံးပြုလိုသည်တို့ကို လေ့လာနိုင်ပါသည်။

Download

Ubuntu One for Ubuntu ကို ဖော်ပြပါ Link မှတဆင့် download လုပ်၍ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ Ubuntu 12.10 တွင် default application တစ်ခု အဖြစ် ပါဝင်လာခဲ့ပါသည်။

Ubuntu One Mac

Ubuntu One for Mac

Ubuntu One for Windows

Ubuntu One for Windows

Ubuntu One for Android

Ubuntu One for Android  အတွက်ဖော်ပြပါ QR Code မှတဆင့် (သို့) 1Mobile Market မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။ သို့ https://www.dropbox.com/sh/j8g71qs3smabhwz/ylWOWVYx4w တွင် apk and ipa ကို download လုပ်နိုင်သည်။

Ubuntu One Music

တလက်စတည်း Ubuntu One Music for Android ကို ပါ မိတ်ဆက်ပေးလိုက်ပါတယ်။  QR Code မှတဆင့် (သို့) 1Mobile Market မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။  Ubuntu One Music for Android သည် သင်နှစ်သက်နားဆင်လိုသောသီချင်း တို့အား ကမ္ဘာ ၏ မည်သည့်နေရာ မှ မဆို ရယူနားဆင်နိုင်ရန် ကူညီပေးမည့် App တစ်ခုဖြစ်ပါသည်။ Google Play မှ download လုပ်ပြီးရယူသုံးစွဲပါက ရက် ၃၀ အခမဲ့ သုံးစွဲ နိုင်ပြီး 20 Gb Storage ရရှိမည်ဖြစ်သည်။ တစ်လ အတွက် ဝန်ဆောင်ခနှုန်း မှာ ဒေါ်လာ ၃.၉၉ သာ ဖြစ်ပါသည်။ ယခု Ubuntu One Music Store မှနေ၍ သင်ကြိုက်နှစ်သက်ရာ သီချင်း တစ်ပုဒ် ကို ဝယ်ယူပါက  6 months Music Streaming + 20GB storage အခမဲ့ရမည် ဖြစ်သည်။ (only promotion period )

Ubuntu One for iPhone

Ubuntu One for iphone အတွက်ဖော်ပြပါ QR Code မှတဆင့် (သို့) Apple app store  မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။

Ubuntu One Music

တလက်စတည်း Ubuntu One Music for iPhone ပါ မိတ်ဆက်ပေးလိုက်ပါတယ်။  QR Code မှတဆင့် (သို့) Apple app store မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။

Ubuntu One နှင့်ပတ်သက်၍ အခက်အခဲရှိပါက Chit Ko Ko Win_ saintjohn769@ubuntu.com သို့ မေးမြန်းနိုင်ပါသည်။

TaggedSoftwareUbuntuUbuntu One Musicubuntu-mmUbuntuOne

Variety Wallpaper Changer for Ubuntu

Variety Wallpaper Changer for Ubuntu Terminal ကိုဖွင့်ပါ။ ပြီးနောက် အောက်ပါ command တို့ကိုရိုက်ပါ ။ sudo add apt repository ppa:peterlevi/ppa sudo apt get update sudo apt get…

Chit Ko Ko

1 min read

ubuntu touch porting / installation guide

အောက်ဖော်ပြပါ devices များသည် Ubuntu touch တင်ရန်အတွက် Target devices များဖြစ်ပါသည်။ သင် android OS ပြန်လည်တင်လိုပါက ပြန်လည် ရယူရမည့် android images များဖြစ်ပါသည်။ Device Android…

Chit Ko Ko

3 min read