NOOBS Setup
Chit Ko Ko
Contributor
4 min read
NOOBS Setup
Raspberry Pi ကို သင်စတင်အသုံးပြုဖို့ဆိုလျှင် Operating system OS တစ်ခု ကိုသင်လိုအပ်နေပါပြီ။
NOOBS (New Out Of the Box Software) သည် Raspberry Pi အတွက် အလွန်လွယ်ကူသော operating system install manager ဖြစ်ပါသည်။
NOOBS ကို သင်သည် Online မှနေ၍ download ပြုလုပ်၍ရယူနိုင်သလို Swag Store တွင် £4 နှုန်းဖြင့် NOOBS အသင့်သွင်းပြီး SD card ကို online မှတဆင့်ဝယ်ယူ ရရှိနိုင်ပါသည်။အကယ်၍ သင့်တွင် Class 4 SD card 8 GB အသင့်ရှိနေပါက အောက်ဖော်ပြပါ Links များ မှရယူနိုင်ပါသည် ။
မှတ်ချက် ။ ။ အောက်ဖော်ပြပါ NOOBS နှင့် NOOBS LITE တို့တွင် ကွာခြားချက်မှာ NOOBS သည် offline သမားများအတွက်ပိုမိုသင်တော်ပါသည် ။
NOOBS
Offline and network install
Version:1.3.9
Release date:2014-07-08
NOOBS LITENetwork install only
Version:1.3.9
Release date:2014-07-08
http://downloads.raspberrypi.org/NOOBS_lite_latest
DOWNLOAD
-
Computer နှင့် SD card reader တို့ကို အသုံးပြုရန်လိုအပ်မည်ဖြစ်ပြီး Download စာမျက်နှာ သို့ သွားပါ။
-
‘NOOBS (offline and network install) အောက်ရှိ Download Zip ခလုတ်ကိုနှိပ်ပါ ။ ပြီးနောက်သင် သိမ်းလိုသော folder ကို ရွေးပြီး Save လုပ်ပါ။
-
အဆိုပါ Zip file ကို Extract ပြုလုပ်ပါ။
FORMAT YOUR SD CARD
-
သင်၏ SD card အမျိုးအစားကိုလေ့လာရန် SD Association’s website တွင်လေ့လာပြီးနောက် Windows သို့ Mac အတွက် SD Formatter 4.0 ကို download ပြုလုပ်၍ အသုံးပြုနိုင်သည်။
-
Software ကို install ပြုလုပ်ရန်အတွက် ညွှန်ကြားချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။
-
သင်၏ SD card ကို SD card reader သို့ Laptop ရှိ SD Card ထည့်ရမည့်နေရာတွင်ထည့်`၍ SD card ၏အမည်ကိုရေးမှတ်ထားပါ ။ ဥပမာ – G:/
-
SD Formatter တွင် သင်ရေးမှတ်ထားသော SD card ကိုရွေး၍ format ပြုလုပ်ပါ။
DRAG AND DROP NOOBS FILES
-
သင် ၏ SD card ကို format ပြုလုပ်ပြီးပါက သင် Extract ပြုလုပ်ခဲ့သော NOOBS folder အတွင်းရှိ files များ အားလုံးတို့ကို SD card drive ထဲသို့ drag and drop ဆွဲထည့်ပါ။
-
ထိုနောက် folder ထဲမှ လိုအပ်သော files များအား SD card သို့ပို့ပေးနေမည်။
-
ပေးပို့မှု လုပ်ငန်းပြီးမြောက်ပါက SD Card ကို Safe remove ပြုလုပ်၍ computer မှ ထုတ်ပါ။ Raspberry Pi သို့ ထိုးစိုက်ပါ။
FIRST BOOT
-
သင် အသုံးပြုမည့် Keyboard ၊ Mouse နှင့် Monitor cables ကြိုးများကို ချိတ်ဆက်ပါ။
-
USB power cable ကို သင်၏ Pi နှင့်ချိတ်ဆက်ပါ ။
-
သင့် Raspberry Pi သည် boot တက်လာပြီးနောက် Install ပြုလုပ်နိုင်သော အခြားသော Operating System စာရင်းများ အားလုံးကို တွေ့ မြင်ရမည် ဖြစ်သည် ။ ကျွန်တော်တို့ အကြံပေးချက် အရဆိုရင် Raspbian ကိုသာ သင်အသုံးပြုသင့်ပါသည် ။ Raspbian ဘေးရှိ check box ကို ရွေးချယ်၍ install ဆက်လက်လုပ်ဆောင်ပါ။
-
Raspbian Operating System သည် installation ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။အချိန်အနည်းငယ် ကြာမည်ဖြစ်သည်။
-
Installation ပြုလုပ်မှု ပြီးစီး သည်နှင့် Raspberry Pi configuration menu (raspi-config) ကိုမြင်တွေ့ ရမည်ဖြစ်သည်။ ကျွနု်ပ် တို့နေထိုင်သော နေရာ ( region ) ၊ အချိန် ( Time ) နှင့် ရက်စွဲ (Date) တို့ကိုဖြည့်ပါ ။ပြီးနောက် Raspberry Pi camera board ကို enable ပြုလုပ်ပါ ( သို့ ) အသုံးပြုသူအမည် ( Current User ) တို့ကို လိုအပ်သလိုပြောင်းလဲနိုင်သည် ။ သင်၏ Keyboard မှ Tab key ကို အသုံးပြု၍ Finish နေရာသို့ရွှေ့ ၍ သင် ထွက်နိုင်သည် ။
LOGGING IN AND ACCESSING THE GRAPHICAL USER INTERFACE
http://downloads.raspberrypi.org/NOOBS_latest
NOOBS File ကို သင်၏ SD card အတွင်းမထည့် မှီ SD card ကို Format ပြုလုပ်သင့်ပါသည်။
Username = pi
Password = raspberry ဖြင့် သင် login ဝင်နိုင်သည် ။
မှတ်ချက် ။ ။သင်သည် Password ရိုက်နေချိန်တွင် မမြင်ရပါကလဲ မှန်ကန်စွာဆက်လက် ရိုက်ခြင်းဖြင့် အသုံးပြုနိုင်ပါသည်။ ဤအချက်သည် Linux ၏ လုံခြုံမှု အချက်ဖြစ်ပါသည် ။
သင်၏ Raspberry Pi ကို configuration ပြုလုပ်လိုပါက Command Line Interface/ CLI ( စာသားဖြင့်အသုံးပြုမှု ) တွင်
sudo raspi-config ဟု ရိုက်ပါ။
Raspberry Pi Software Configuration Tool (raspi-config)
Setup Options
1 Expand Filesystem Ensures that all of the SD card storage is available to the OS
(သင်အသုံးပြုသော OS ကို SD card တစ်ခုလုံးကိုအသုံးပြုမည်)
2 Change User Password Change password for the default user (pi)
(နဂိုမူလ အတိုင်း ပါရှိသော password ကို ပြောင်းလဲမည် ။pi user အတွက်သာ )
3 Enable Boot to Desktop/Scratch Choose whether to boot into a desktop environment, Scratch, or the command line
( OS boot စတက်လျှင် Desktop သို့တန်းသွားစေမည်။)
4 Internationalisation Options Set up language and regional settings to match your location
(ဘာသာစကား နှင့် သင် နေထိုင်ရာ အရပ်ဒေသပြောင်းမည်။ )
5 Enable Camera Enable this Pi to work with the Raspberry Pi Camera
( Raspberry Pi အတွက်ထုတ်ထားသော camera ကိုအသုံးပြုမည်။)
6 Add to Rastrack Add this Pi to the online Raspberry Pi Map (Rastrack)
(online တွင် Raspberry Pi Map အသုံးပြုနေမှုကို မှတ်တမ်းတင်မည်။)
7 Overclock Configure overclocking for your Pi
(သင့် Pi CPU အသုံးပြုနိုင်မှုကိုအဆင့်မြှင့်မည်။ဤအဆင့် ကိုကျွမ်းကျင်သူနှင့်တိုင်ပင်သင့်သည်။)
8 Advanced Options Configure advanced settings
(configuration ကိုအ သေးစိတ် ပြုပြင်မည်။ဤအဆင့် ကိုကျွမ်းကျင်သူနှင့်တိုင်ပင်သင့်သည်။)
9 About `raspi-config` Information about this configuration tool
(configuration tool အကြောင်းဖော်ပြချက်)
Command Line Interface/ CLI ( စာသားဖြင့်အသုံးပြုမှု ) မှ Graphical (ရုပ်ပုံဖြင့် အသုံးပြုမှု ) သို့ ပြောင်းလဲအသုံးပြုလိုပါက –
startx ဟုရိုက်ပါ။
အသေးစိတ်အချက်အလက်များကိုဆက်လက်လေ့လာလိုပါက documentation တွင်လေ့လာနိုင်ပါသည်။
Chit Ko Ko Win
saintjohn769@ubuntu.com
www.chitkokowin.com
http://chitkoko.ubuntu-mm.net/
Related posts
Easy Raspberry Pi Setup Guide for MYANMAR
Raspberry Pi Setup Guide Raspberry Pi ဆိုသည်မှာ credit size သာသာရှိသော single board computer တစ်ခုဖြစ်ပြီး ကျောင်းများတွင် computer science များ…
9 min read
Raspberry Pi GPIO Intro
linux@gpio cat readme.txt What is GPIO ? How can do with GPIO ? and Its basic usage ကျနော်အခု rasppberry pi ကနေ Gpio ကို python programming ကနေ တဆင့် ထိန်းချုပ် တဲ့ ပုံစံလေးကို…
5 min read
Variety Wallpaper Changer for Ubuntu
Variety Wallpaper Changer for Ubuntu Terminal ကိုဖွင့်ပါ။ ပြီးနောက် အောက်ပါ command တို့ကိုရိုက်ပါ ။ sudo add apt repository ppa:peterlevi/ppa sudo apt get update sudo apt get…
1 min read



