LINUX SysAdmin – {Linux System Administration Course}
Ko Ko Ye
Founder
3 min read

Ubuntu Myanmar LoCo Team မှ Linux System Administration Course (Module 6 ခု) ကို တစ်ပါတ် Module 1 ခုနှုန်းဖြင့် ၆ ပါတ်ဖွင့်လှစ်မည်ဖြစ်ပြီး Module 1 ကို 11/July/2015 တွင်စတင်ဖွင့်လှစ်မည် ဖြစ်သည်။ Module 1 and 2 ကို Money Back System ဖြင့်သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး Module 3 မှစတင်၍ သင်တန်းတက်ရောက်လိုသူများသည် သတ်မှတ်ထားသော သင်တန်းကြေး ငွေပမာဏကို
ပေးသွင်းရန် လိုအပ်မည်ဖြစ်သည်။ (မှတ်ချက်။ ။ ထိုသွင်းထားသောငွေသည်သင်တန်းကြေးဖြစ်ပြီး Module 1 and 2 တွင်ပြုလုပ်သကဲ့သို့ သင်တန်းကြေးကို ပြန်လည်ထုတ်ယူနိုင်မည် မဟုတ်ပါ။)
Module 1
Start Date – 11/July/2015
End Date – 12/July/2015
Start Time – 10:00 am
End Time – 05:00 pm
Lunch Break – 12:00pm – 01:00 pm
သင်တန်းသားများသည် သင်တန်းမစမှီ တစ်ရက်အလိုကိုနောက်ဆုံးထား၍
သင်တန်းကြေးငွေ ၁၀,၀၀၀ ကျပ်ကို CB Bank
Bank Acc: No – 9503080101562895
Person name – Ye Min Oo
Contact Number – 09450022022 အချက်အလက်များဖြင့် ငွေထည့်သွင်းရမည်ဖြစ်သည်။
ပေးသွင်းပြီးကြောင်းကို လက်ခံပြေစာမိတ္တူနှင့်တကွ info@ubuntu-mm.net သို့ Email ပေးပို့၍ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
သင်တန်းကြေးငွေပေးသွင်းသည့်အချိန်သည် Ubuntu Myanmar LoCo Team မှသင်တန်းကြေး စတင်လက်ခံမည့်ရက်နှင့် နောက်ဆုံးပေးသွင်းရမည့်ရက် အတွင်းသာဖြစ်ပြီး ကျန်သောရက်များတွင် ပေးသွင်းထားသောစာရင်းများကိုလက်ခံမည်မဟုတ်သည့်အပြင်ထိုပေးသွင်းထားသော သင်တန်းကြေးကို မည်သည့်နည်းနှင့်မျှ ပြန်လည်လက်ခံရရှိနိုင်မည် မဟုတ်ပါ။
သင်တန်းဝင်ခွင့် လက်ခံမည့်အကောင့်မှာ CB Bank တစ်ခုတည်းသာ ဖြစ်ပြီးမည်သည့်နည်းနှင့်မျှ လက်ခံမည်မဟုတ်ကြောင်းကို သင်တန်းတက်ရောက်မည့် သင်တန်းသား/သူများ သိရှိရန်လိုအပ်မည်ဖြစ်သည်။
သင်တန်းဝင်ခွင့် ရရှိသူများကို သင်တန်းမစမှီတစ်ရက်တွင် Website, Facebook မှ တဆင့်ကြေငြာပေးမည်ဖြစ်သည်။
သင်တန်းတိုင်းသည်မနက် ၁၀ နာရီအတိတွင်စမည်ဖြစ်သည်။ မနက် ၉ နာရီ ၃၀ မိနစ်သည်သင်တန်းအတွင်းသို့ နောက်ဆုံးရောက်ရှိနေချိန်ဖြစ်ပြီး ၉ နာရီ ၃၁ မိနစ်မှရောက်ရှိလာသည့်မည်သူ့ကိုမဆို သင်တန်းအတွင်းသို့ ဝင်ခွင့်ပေးမည်မဟုတ်ဘဲ ထို Module အတွက်သွင်းထားသော သင်တန်းကြေးကိုလည်း ပြန်လည်ထုတ်ယူခွင့် ရရှိမည်မဟုတ်ပါ။
ပထမဆုံး Module အတွက် သင်တန်းတည်နေရာမှာ MICT Park အဆောင်သစ် အဆောင် ၁၄ အလွှာ ၄ ရှိ Kanaung Hub (Incubation Center) တွင်ဖြစ်သည်။
သင်တန်းရက်တွင် Break Time တစ်ချိန်သာရရှိမည်ဖြစ်ပြီး ထိုအချိန်သည် နေ့လည် ၁၂ နာရီမှ ၁ နာရီအထိဖြစ်သည်။ သင်တန်းသားများသည် ၁၂ နာရီ ၅၀ မိနစ်နောက်ဆုံးထား၍သင်တန်းခန်းမ အတွင်းသို့ပြန်လည်ရောက်ရှိရမည်ဖြစ်ပြီး ထိုအချိန်ကျော်လွန်၍ရောက်ရှိလာသူများသည်သင်တန်း ကြေးထက်ဝက်ကိုဖြတ်တောက်ခြင်းခံရမည်ဖြစ်သည်။
(မှတ်ချက်။ ။ ၁ နာရီ ၃၀ မိနစ်မှရောက်ရှိလာသောသင်တန်းသား/သူ များကို ထိုနေ့အတွက် သင်တန်းခန်းမအတွင်းသို့ ပြန်လည်ဝင်ခွင့်ပြုတော့မည်မဟုတ်ပါ။)
သင်တန်းသားများသည် သင်တန်းစသော ပထမနေ့တွင် Module 1 အတွက် 09/July/2015 နေ့တွင် အပေါ်တွင်ပေးထားသော Bank Account သို့ ငွေထည့်သွင်းထားသောချလံကိုပြသရမည်ဖြစ်သည်။
(အကြောင်းအမျိုးမျိုးကြောင့် ထိုချလံမပါလာပါက (ဝါ) ပျောက်ဆုံးသွားပါက သင်တန်းဆရာများမှ တာဝန်ယူမည်မဟုတ်ဘဲ သင်တန်းတက်ခွင့်ဆုံးရှုံးမည်ဖြစ်ပါသည်။)
သင်တန်းသားများသည် သင်တန်းတွင်ပို့ ချသော Course များကိုလက်တွေ့လုပ်ဆောင်နိုင်ရန်၊ မှတ်သားနိုင်ရန်အတွက် မှတ်စုစာအုပ်နှင့် ကိုယ်ပိုင် Laptop ကိုယူဆောင်လာရန်လိုအပ်မည်ဖြစ်သည်။
ပို့ချမည့် သင်ခန်းစာ (Courses) များသည် တစ်ရက်နှင့်တစ်ရက် အခြေခံထားသောကြောင့် သင်တန်းသားများသည် သင်တန်းကိုမပျက်ကွက်ရန် အထူးဂရုစိုက်ရမည်ဖြစ်ပြီး Module တစ်ခုအတွက် သင်တန်းတစ်ရက် ပျက်ကွက်ပါက ထို Module အတွက်နောက်ရက်များသင်တန်းဆက်လက်တက်ရောက်ခွင့်ကို ဆုံးရှုံးမည်ဖြစ်ပါသည်။
Requirement
Module – 1
The students must bring their own laptop and must have 40 GB HDD: space
The student must bring note book
Module 2 အတွက် သင်တန်းဖွင့်မည့်နေ့ရက်၊ အချိန်နှင့် သင်တန်းကြေးစတင်လက်ခံမည့်နေ့ ၊ နောက်ဆုံး ပေးသွင်းရမည့်နေ့ကို Module 1 သင်တန်းပြီးဆုံးပြီး ၃ ရက်အတွင်း Website, Facebook မှကြေငြာပေးမည်ဖြစ်သည်။ ယခုဖွင့်မည့်သင်တန်းသည် Professional သင်တန်းဖြစ်ပြီး အမှန်တစ်ကယ်တတ်မြောက်လိုသောသူများကိုသာ ရည်ရွယ်ထားသည့်သင်တန်းဖြစ်သောကြောင့် သင်တန်းတက်ရောက်မည့်သူများသည် အထက်ပါအချက်အလက်များကို လက်ခံပြီး အမှန်တစ်ကယ်တတ်မြောက်လိုမှသာ သင်တန်းကြေးသွင်းရန်လိုအပ်မည်ဖြစ်သည်။ အကယ်၍ သင်တန်းကြေးသွင်းပြီး သင်တန်းသို့လာရောက်ခြင်းမရှိပါက ထိုသင်တန်းသား/သူ သည် Ubuntu Myanmar LoCo Team ဖွင့်လှစ်သင်ကြားသော Professional Class များကို ၂ ကြိမ်တိုင်တိုင်တက်ရောက်ခွင့်ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။
Related posts
LINUX SysAdmin – {Linux System Administration Course}
Ubuntu Myanmar LoCo Team မှ Linux System Administration (Module 2) ကို 25/July/2015 တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ယခု Module သည်လည်း 1st Module ကဲ့သို့ Money Back System…
3 min read
Ubuntu Surfing – Ubuntu Myanmar Wiki [gitbook – epub]
Ubuntu သမားတွေအတွက် မရှိမဖြစ်လို့တောင် ပြောလို့ရတဲ့ Wiki တစ်ခုရှိပါတယ်။၂၀၁၁ လောက်က အဲဒီ Wiki ကို မှီငြမ်းပြီး မြန်မာဘာသာ ပြန်ခဲ့ကြပါတယ်။ အဲတာကို Ubuntu Myanmar Wiki ဆိုပြီး…
2 min read
Department of Meteorology and Hydrology – Ubuntu Class
At the 2nd week of May 2015, Ubuntu Myanmar LoCo Team has been invited by the Ministry of Transportation, Department of Meteorology and Hydrology to provide a lecture about…
1 min read


