Ubuntu Surfing – Ubuntu Myanmar Wiki [gitbook – epub]
Ko Ko Ye
Founder
2 min read

Ubuntu သမားတွေအတွက် မရှိမဖြစ်လို့တောင် ပြောလို့ရတဲ့ Wiki တစ်ခုရှိပါတယ်။၂၀၁၁ လောက်က အဲဒီ Wiki ကို မှီငြမ်းပြီး မြန်မာဘာသာ ပြန်ခဲ့ကြပါတယ်။ အဲတာကို Ubuntu Myanmar Wiki ဆိုပြီး ခေါ်ခဲ့ကြပါတယ်။ နောက်ပိုင်း Host အပြောင်းမှာ Wiki ဆိုက် Down သွားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ Dell Laptop လေးထဲမှာ xml တွေ ရှိပေမယ့် Laptop ကို ပြန်ဖွင့်ရခက်နေလို့ အရင် Print ထုတ်ထားတဲ့ စာအုပ်ကြီးကိုပဲ ပြန်ရိုက်ဖြစ်ခဲ့ပါတယ်။ စာပြန်ရိုက်တဲ့အခါမှာလည်း Ubuntu User တွေ မဟုတ်တဲ့အတွက် code မှားတာတွေ စာမှားတာတွေ Space နဲ့ Switch တွေ အထားမှားတာတွေ အများကြီးပါသွားပါတယ်။ အဲတာကို ပထမဆုံး စာပြန်စစ်ရပါတယ်။ အဲလို စာပြန်စစ်ထားတာတွေကိုမှ Markdown Format ပြန်ပြောင်းရပါတယ်။ Markdown ဖြစ်ပြီးတော့မှ gitbook ပြန်ပြီး စီစဉ်ရပါတယ်။
ပထမဆုံး Gitbook ထွက်လာပြီးတဲ့ထိ ကျွန်တော် ကိုယ့်ဘာသာ မယုံရဲလို့ Public မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ အမှားအနည်းငယ် ပါနိုင်ပေမယ့် Public လုပ်ရင်း ပြင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Public လုပ်လိုက်တဲ့အခါမှာ မထင်မှတ်ထားလောက်အောင်ပဲ အသုံးပြုသူတွေ သဘောကျတာတွေ့ရသလို UCSY ကကော တခြားသူတွေကပါ Offline တောင်းဆိုလာကြပါတယ်။ Ubuntu Myanmar Wiki ရဲ့ ဆိုက်က 66 MB ရှိပါတယ်။ Download လဲ မလွယ်လောက်သလို ကြည့်ရတာ အဆင်ပြေမပြေ မသေချာလို့ ebook ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ebook မှာ ပိုပြီးသေးငယ်အောင် စဉ်းစားပြီး Pandoc နဲ့ ပြန်ထုတ်လိုက်တာ 388 Kb ပဲ ရှိပါတော့တယ်။ အဲတာလေးကို တင်ထားပေးပါတယ်။
စာအုပ်တင်တဲ့အခါ Ubuntu Surfing ဆိုတဲ့နာမည်နဲ့ တင်ပေးခဲ့ပါတယ်။ Surfing ဆိုတဲ့စကားကို ထပ်ရှင်းပြစရာတော့ မလိုဘူးထင်ပါတယ်။ ဒီအချက်အလက်တွေဟာ Beginner တွေ Advanced တွေ ခွဲမထားပါဘူး။ Guide ပါတို့ Intro လေးပါတို့လည်း ပြောလို့မရပါဘူး။ Wiki ကနေလာတာဖြစ်ပေမယ့် ဘယ်သူမဆို သုံးနိုင်တဲ့အချက်အလက်ဖြစ်တဲ့အတွက် တကယ်သုံးနိုင်မှလည်း အသုံးတည့်မှာဖြစ်လို့ Surfing လို့ သုံးခဲ့တာပါ။ Ubuntu ဟာ သာမာန်အသုံးပြုသူအတွက်တို့ Advanced နဲ့မဆိုင်ဘူး Server နဲ့မဆိုင်ဘူး Security နဲ့ မဆိုင်ဘူးဆိုတာမျိုး မြင်နေသေးတယ်ဆိုရင်တော့ တော်တော်လေး မှားယွင်းနေသေးတယ်လို့ ပြောပြချင်ပါတယ်။
နောက်ဆုံး ဝန်ခံချင်တာ အကူအညီတောင်းချင်တာကတော့
- ပိုပြီးကောင်းအောင်လုပ်ဖို့လိုပါသေးတယ်။
- အကုန်လုံး ကူညီပြီး လုပ်ပေးခဲ့တာဖြစ်ပါတယ်။
- Online မှာ သုံးရင် တခါတည်း နားမလည်တာမေးလို့ရအောင် လုပ်ပေးထားပါတယ်။
- Web မှာ Online Update လုပ်တိုင်း ebook ကိုလည်း update လုပ်ပေးသွားပါမယ်။
- ပူးပေါင်းပါဝင် ကူညီလိုသူတိုင်းကိုလည်း ဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။
http://www.ubuntu-mm.net/uwm [Ubuntu Myanmar Wiki]
1st Sponsored
https://docs.google.com/spreadsheets/d/1Ax74uQDqVTdpC29Tu0nD6xYCHu_sJUaWkvXa76qY0UU/edit
2nd Sponsored (md / fix)
https://github.com/fossmyanmar/ubuntu-mm-wiki/blob/master/SPONSOR.md
3rd Sponsored List is coming soon.
Related posts
Ubuntu Global Jam – Event Venue
View Ubuntu Global Jam in a larger map Ubuntu Global Jam Sagawa 2nd Fl, Diamond Condo (E) Corner of Pyay Rd and Nar Nat Taw Rd, Near by (Yangon Pyay) Hledan Bridge.
1 min read
LINUX SysAdmin – {Linux System Administration Course}
Ubuntu Myanmar LoCo Team မှ Linux System Administration (Module 2) ကို 25/July/2015 တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ယခု Module သည်လည်း 1st Module ကဲ့သို့ Money Back System…
3 min read
Raspberry Pi GPIO Intro
linux@gpio cat readme.txt What is GPIO ? How can do with GPIO ? and Its basic usage ကျနော်အခု rasppberry pi ကနေ Gpio ကို python programming ကနေ တဆင့် ထိန်းချုပ် တဲ့ ပုံစံလေးကို…
5 min read




