Skip to content
Knowledge

Application Information in Local Language

Ko Ko Ye

Founder

1 min read

Ubuntu Application တွေကို ရှာရ ဖွေရတဲ့နေရာမှာ Windows ဘက်က ပြောင်းလာသူတွေအဖို့ အခက်အခဲတွေများပါတယ်။

နာမည်ကို မသိတာတွေ ရှိနိုင်သလို နာမည်ကြားဖူးပေမယ့် ဘာအတွက် သုံးတာမှန်းလဲ မသိတာ ရှိနိုင်ပါတယ်။ Windows ဘက်က Adobe Photoshop ပဲသိလို့ Acrobat Reader ပဲသိလို့ Microsoft Office ပဲသိလို့ ဒီဘက်မှာ မရှိဘူးလားဆိုတာမျိုးတွေလဲ ကြားရပါတယ်။ Alternative.net မှာလဲ အဲတာမျိုး ရှာလို့ရပါတယ်။

တကယ်တော့ ဘာအတွက် သုံးတာလဲ သိရင် ပုံစံတူ ရှာလို့ရသလို Software နာမည်သိရင်လဲ ဘာအတွက်သုံးတာလဲ ရှာလို့ရပါတယ်။ Categories အလိုက် နာမည်အလိုက်  Rank အလိုက် ရှာပြီး တခါတည်း ဆော့ဝဲတွေ သွင်းနိုင်လို့ ပိုပြီးတောင် လွယ်ကူပါသေးတယ်။

https://apps.ubuntu.com/cat/

ဒါပေမယ့် ကျွန်တော်တိုှု Offline ဖြစ်နေပြီ Software သွင်းဖို့လိုတယ် ဒါမှမဟုတ် သွင်းပြီးသားဖြစ်နေပါတယ်။ ဒါပေမယ့် ဘာအတွက်လဲ ဘာတွေ သုံးတာလဲ မသိနိုင်မယ့် သူတွေအတွက် Offline / Online မြန်မာလို Database လေး လုပ်ပေးချင်ပါတယ်ဆိုရင် အကုန်ကူညီပြီး လုပ်ပေးနိုင်ပါတယ်။

Data တွေ လုံလောက်ရင် Application base / wiki base / ebook / print book / Android Application တွေ ထုတ်ပေးနိုင်မှာပါ။

ကူညီပေးမယ်ဆိုရင် တရက်တခုလေးပဲဖြစ်ဖြစ် စုပေါင်းဖြည့်စွက်ပေးနိုင်ပါတယ်။
တယောက် တခုဖြည့်သွားတာ ဒီအချက်အလက်တွေဟာ ကျွန်တော်တို့ Ubuntu User / Beginner အားလုံးအတွက် အသုံးတည့်ပါတယ်။ ကိုယ်ကူညီရေးသားပေးချင်တဲ့ App ကို https://apps.ubuntu.com/cat/ ကနေ အရင် ရှာထားပြီး အောက်က လင့်ခ် ကို နှိပ်ပြီး တခုခြင်း ဖြည့်စွက်နိုင်ပါတယ်။

Application Data Entry
//

Ubuntu 19.10 Release Party (Yangon)

ဧပြီလနှင့် အောက်တိုဘာလတို့တွင် အသစ်ထုတ်ဝေလေ့ ရှိတဲ့ Ubuntu တိုင်းကို ကမ္ဘာ တဝမ်းရှိ Ubuntu user များမှ စုပေါင်း၍ Release Party ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၇ ရက်နေ့…

Zaw Ye Lwin

1 min read

SFD – Software Freedom Day 20-sep-2014

စက်တင်ဘာလ တတိယပတ် စနေနေ့ဟာ အခမဲ့လွတ်လပ် ဆော့ဝဲနေ့ဖြစ်ပါတယ်။ တကမ္ဘာလုံးက ဒီနေ့မှာ Software Freedom Day အဖြစ်ဆင်နွဲကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က Ubuntu Myanmar LoCo Team နဲ့…

Ko Ko Ye

1 min read

What is Stacer?

Stacer (သို့မဟုတ်) Ubuntu မှာ System Optimization အတွက်အသုံးသင်တဲ့ GUI tool တစ်ခု Stacer ဆိုတာကတော့ Ubuntu အတွက်ထုတ်လုပ်ထားတဲ့ Open source software တစ်ခုဖြစ်ပာတယ်။ Stacer…

Wai Yan Win Htain

2 min read