ဘာစီလိုနာမြို့မှ Microsoft ကို kicks out လုပ်!!!
Wai Yan Win Htain
Contributor
1 min read
Barcelona kicks out Microsoft !!!!
ဘာစီလိုနာမြို့မှ administration ဌာနများသည် ယခင် Microsoft အသုံးပြုခဲ့ရာမှ ယခုအခါတွင် ရှိပြီးသား system များကို linux နှင့် open source software ဘက်ကို ပြောင်းလဲအသုံးပြုရန်ပြင်ဆင်နေကြပါတယ်။
ပြီးခဲ့တဲ့တစ်လလောက်က ထုတ်ဝေခဲ့သော El País ဆိုတဲ့ Spanish newspaper တွင် ဘာစီလိုနာမြို့သည် ၎င်းတို့ computer system များကို
Open Source Platform ဘက်ကို ပြောင်းလဲအသုံးပြုတော့မည်ဖြစ်ကြောင်းဖော်ပြထားခဲ့ပါတယ်။
သတင်းစာအရဆိုရင် ပထမဦးဆုံး သူတို့ရဲ့ user application တွေကို open source applications တွေနဲ့ အစားထိုးဖို့ စီစဉ်ထားပါတယ်။
ဆိုလိုတာကတော့ Microsoft Windows မှာသုံးနေတဲ့ software အချို့ကို Linux Distribution ဘက်က software အချို့နဲ့ အစားထိုးပစ်တော့မှာပါ။
Barcelona will go open source by Spring 2019
လာမဲ့ 2019 မှာ မြို့တော်ရဲ့ software budget ထဲက 70% ကို open source ဘက်ကိုပြောင်းပြီး invest လုပ်တော့မယ်လို့အတိအကျဖော်ပြထားပါတယ်။
ဒီလိုပြောင်းလဲရာမှာ လိုအပ်တဲ့ software/programs များကိုရေးသားဖို့ Developers 65 ယောက်ကိုလည်းခော်ဆိုသွားမယ်လို့သိရပါတယ်။
အသုံးပြုမဲ့ Distro အနေနဲ့ကတော့ လက်ရှိမြို့တော်လေယာဉ်ကွင်းတွေမှာ အသုံးပြုဆဲဖြစ်နေတဲ့ Ubuntu ကိုပဲရွေးချယ်သွားမှာပာ။
သတင်းစာထဲက ဖော်ပြချက်တွေအရတော့ Outlook mail client နဲ့ Exchange Server တွေအစား Open-Exchange၊
Internet Explorer နဲ့ Microsoft Office အစား Mozilla နဲ့ LibreOffice တို့ကို ပြောင်းလဲအသုံးပြုသွားမယ်လို့အတိအကျပြောထားတာကိုတွေ့ရပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေကြောင့် ဘာစီလိုနာမြို့ဟာ European campaign တစ်ခုဖြစ်တဲ့ “Public Money, Public Code” ရဲ့
ပထမဆုံး အဖွဲ့ဝင်မြို့တော် တစ်ခုဖြစ်လာပါတယ်။
Public money, Public Code ကိုတော့ Official website ဖြစ်တဲ့ https://publiccode.eu/ မှာဝင်လေ့လာလို့ရပါတယ်။
Related posts
SFD – Software Freedom Day 20-sep-2014
စက်တင်ဘာလ တတိယပတ် စနေနေ့ဟာ အခမဲ့လွတ်လပ် ဆော့ဝဲနေ့ဖြစ်ပါတယ်။ တကမ္ဘာလုံးက ဒီနေ့မှာ Software Freedom Day အဖြစ်ဆင်နွဲကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က Ubuntu Myanmar LoCo Team နဲ့…
1 min read
Ubuntu Member and Ubuntu-MM Core Member
Ubuntu Member ဆိုတာဘာလဲ Ubuntu MM Core Member ဆိုတာဘာလဲ Ubuntu Myanmar LoCo Team ရဲ့ Event တွေတိုင်းမှာ Core Member တွေပါဆိုပြီး ကျွန်တော်တို့ မိတ်ဆက်ပေးတိုင်း အထင်ကြီးတဲ့လူ…
4 min read
FOSS Compliance
Open Source ကိုသုံးတဲ့ ကုမ္ပဏီတွေက Compliance Program ကိုအဘယ်ကြောင့်လိုအပ်တာလဲ? Open Source Software ကိုကုမ္ပဏီတွေရဲ့အသုံးပြုမှုဟာ အခုအခါမှာစံပြအနေနဲ့ရပ်တည်နေပြီး 2015 ခုနှစ်ရဲ့…
5 min read




