Skip to content
News

Ubuntu Wants to Collect Data About Your System

Wai Yan Win Htain

Contributor

2 min read

Ubuntu မှ သင့် system နဲ့ပါတ်သတ်သည့် data တွေကို collect လုပ်တော့မည်

လွန်ခဲ့တဲ့ ၂ လပိုင်း၊ ၁၄ ရက်နေ့က ubuntu က သင့်ရဲ့အကြောင်းကိုပိုမိုသိရှိရင် system data တွေကို collect လုပ်တော့မည်ဟုဆုံးဖြတ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ April လမှာထွက်ရှိလာမဲ့ 18.04 update မှာ data collection tools တွေကိုထည့်သွင်းထားမယ်လို့စီစဉ်ထားကြောင်းကိုလည်းပြောထားပါတယ်။
ဒီ feature က system hardware နဲ့ပါတ်သတ်တဲ့ data တွေကို Canonical ကိုပြန်ပို့ပေးမယ်လို့သိရပါတယ်။
ဒီလို data တွေကို collect လုပ်ရခြင်းအကြောင်းအရင်းမှာ Users တွေက ubuntu ကို ဘယ်hardware တွေပေါ်မှာ၊
ubuntu os ပေါ်မှာ ဘယ် software တွေ run နေလဲဆိုတာကိုကြည့်ပြီး ဖြစ်ပေါ်လာမဲ့
error တွေကို focus လုပ်နိုင်အောင်ပြုလုပ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။
data တွေကို collect ပေးလုပ်၊ မလုပ်ကိုလည်း user တွေက သတ်မှတ်နိုင်မှာပါ။ opt-in နဲ့ opt-out ဆိုတဲ့ checkbox
လေးနှစ်ခုပါဝင်လာမှာဖြစ်ပြီး data ကို collect မလုပ်စေချင်သူတွေကတော့ opt-out ဆိုတဲ့ box လေးကို untick(အမှန်ခြစ်ဖြုတ်)လုပ်ပြီး
install လုပ်ရမယ်လိုလည်းသိရပါတယ်။ ကျနော့်အမြင်ပြောရမယ်ဆိုရင်တော့ ဒါကမကောင်းတဲ့အချက်တစ်ခုမဟုတ်ပါဘူး။
အခုလို Feb 14 ကမှ data ကို collect လုပ်မယ်လို့ကြေညာလိုက်တဲ့အတွက်လည်း အရင်ကလုံးဝ collect မလုပ်ခဲ့ဘူးလားဆိုတာလည်း စဉ်းစားစရာပါပဲ။ အကြမ်းဖျင်းကြေညာထားတဲ့ collect လုပ်မဲ့ data တွေထဲမှာ ကိုယ့် privacy ကိုသိစေမဲ့ data တွေတော့မပါပါဘူး။
Collect လုပ်မဲ့ data တွေကိုအောက်မှာဖော်ပြပေးပါမယ်၊

  1. သင်သုံးနေတဲ့ ubuntu version and desktop environment

  2. သင် internet ချိတ်ထား၊ မချိတ်ထား

  3. သင့် laptop ရဲ့ CPU, RAM, GPU etc..

  4. သင့် laptop အမျိုးအစား(ဥပမာ-Dell, Lenovo, etc)

  5. သင့်ရဲ့ country

  6. သင် ubuntu ကို install လုပ်တဲ့ကြာချိန်

  7. Install လုပ်စဉ်က auto login enable လုပ်ခဲ့လား၊ မလုပ်ခဲ့လား၊

  8. သင့်ရဲ့ disk layout

  9. သင် အခြား third-party softwares တွေသွင်း၊မသွင်း။

  10. Install လုပ်နေတုန်းမှာ update ဆွဲ၊ မဆွဲ။ စတာတွေဖြစ်ပါတယ်။

Canonical က ip address တွေကိုလည်း stored လုပ်ထားမှာမဟုတ်ကြောင်း၊ data တွေကို collect လုပ်ရာမှာလည်း
secure encrypted connection ကိုအသုံးပြုမယ်ဖြစ်ကြောင်းပြောထားပါတယ်၊
Canonical က install-time data အပြင်

  • Ubuntu Popcon ကိုသုံးပြီး သင့် region မှာ ဘယ် apps တွေ၊ဘယ် package တွေက popular ဖြစ်နေလဲ၊
  • Apport ကိုသုံးပြီး crash reports တွေကို community ကို anonymously ပို့ဖို့ တို့ကိုလည်းပြုလုပ်သွားမယ်လို့သိရပါတယ်။

Install လုပ်စဉ်မှာ opt-out ကို untick လုပ်ဖို့မေ့ခဲ့တယ်ဆိုရင်လည်း Setting ထဲက Privacy ထဲမှာ opt-out ကို
အချိန်မရွေးပြန်ပြီး untick လုပ်လို့ရမှာပါ။ Canonical က collect လုပ်လို့ရလာတဲ့ data တွေကိုလည်း public ချပြသွားမယ်လို့ပြောထားပါသေးတယ်။ အဲ့တော့ စပ်စုတတ်တဲ့သူတွေအတွက် Ubuntu ကို ဘယ်လောက် percent အသုံးပြုနေကြတယ်၊ ဘယ် hardware တွေမှာ အသုံးများတယ်၊ ဘယ် apps တွေကိုအများဆုံးသုံးနေကြတယ်ဆိုတာကို online မှာရှာဖွေရုံနဲ့သိနိုင်တော့မှာဖြစ်ပါတယ်။

What is acl?

Linux မှာရှိတဲ့ file တွေ directories တွေကို ACL(Access Control Lists)ကိုအသုံးပြုပြီး secure ဖြစ်အောင်ဘယ်လိုလုပ်မလဲ။ ပုံမှန်သုံးနေကျ read,write,execute permission တွေကို chmod,…

Wai Yan Win Htain

2 min read

Two-Factor Authentication အသုံးပြု၍ Ubuntu Linux လုံခြုံရေး ဘယ်လိုမြှင့်တင်မလဲ။

ယနေ့ခေတ်မှာ သတင်းအချက်အလက်လုံခြုံရေး ( Information Security ) သည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ထို့အတူ ဟက်ကာတွေနဲ့ Security ဂုရုကြီးတွေလဲ နေ့စဉ်အမြဲ…

Ye Minn

2 min read

Ubuntu weekly September Security 14

Ubuntu security team ရဲ့ လုပ်ဆောင်ပုံလေးတွေကို မရင်းနှီးတဲ့ သူတွေအတွက် အပတ်စဉ် ဘာလုပ်ကြလဲဆိုတာ သိစေခငျ်လို့ပါ။ address link တွေကို စကားပြောနဲ့ ပြောသွားတော့ အဆင်မပြတော…

Thohi

1 min read