Nautilus on Windows 10
Ko Ko Ye
Founder
1 min read

Ubuntu သမားတွေအနေနဲ့ Nautilus ဆိုတာနဲ့ ဖိုင်မန်နေဂျာမှန်း သိပြီးသားပါ။
Gnome သမားတချို့တောင် Gnome File လို့ပဲ ခေါ်ကြပါတယ်။
Windows သမားတွေအတွက်ကတော့ File Manager လေကွာ Explorer လိုမျိုးလို့ ပြောပြရမယ်ထင်ပါတယ်။
အခုက OMG Ubuntu မှာ Nautilus File Manager on Windows 10 ဆိုတဲ့ post လေးတွေ့လို့ ပြန်မျှဝေပေးတာပါ။
Linux သမားတွေက ပြုံးပြီး Windows သမားတွေက ဘာလဲဟ ဆိုပြီး မေးရင် မေးကြပါလိမ့်မယ်။
တချို့ကလဲ သတင်းအတုတွေ fake news တွေပါကွာလို့ ငြင်းပါလိမ့်မယ်။
တကယ်တမ်းတော့ Windows Subsystem for Linux (WSL) ထွက်နေကြတာ သိပြီး ဖြစ်ပါလိမ့်မယ်။
အဲတာပေါ်မှာမှ VcXsrv (VcXsrv Windows X Server) ကိုသွင်းပြီး သုံးထားတာပါ။
ကလိရတာ ဝါသနာပါသူတွေဟာ Linux ပေါ်မှာ Wine တင်ကြ။ Windows ပေါ်မှာ WSL တင်ကြနဲ့
သာမန်အသုံးပြုသူတွေနဲ့ ဆရာကြီးတွေ မျက်စိနောက်ကြဦးမှာ သေချာပါတယ်။
ဒီမှာတော့ 16.04 LTS ကို base ခံထားတဲ့ WSL ကို သုံးထားတဲ့အတွက် Nautilus 3.16 နဲ့ လာပါလိမ့်မယ်။
၂၀၁၈ ရဲ့ ဧပြီလမှာ ထုတ်မယ့် 18.04 LTS မှာတော့ Nautilus 3.26 ဖြစ်သွားတော့မှာပါ။
ကျွန်တော်တို့ကတော့ အသစ်လဲဖြစ် ရေရှည်ထောက်ပံ့မှုလဲပေးတဲ့ 18.04 LTS ကို စောင့်မျှော်ရင်ခုန်နေပါတယ်။
Windows တင်ထားတဲ့သူတွေကတော့ Windows ပေါ်မှာပါ Nautilus ကို စမ်းကြည့်ကြပေါ့ဗျာ။
Err, You Can Run Nautilus File Manager on Windows 10 [Video]
image from http://linux.softpedia.com/
Related posts
SFD – Software Freedom Day 20-sep-2014
စက်တင်ဘာလ တတိယပတ် စနေနေ့ဟာ အခမဲ့လွတ်လပ် ဆော့ဝဲနေ့ဖြစ်ပါတယ်။ တကမ္ဘာလုံးက ဒီနေ့မှာ Software Freedom Day အဖြစ်ဆင်နွဲကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က Ubuntu Myanmar LoCo Team နဲ့…
1 min read
Linux 4.15 အတွက် VirtualBox 5.2.8 ထွက်ရှိ
Linux 4.15 အတွက် VirtualBox 5.2.8 ထွက်ရှိ နောက်ဆုံး Linux kernel 4.15 ကို supportပေးတဲ့ VirtualBox 5.2.8 ဟာ Linux guest machines တွေမှာ နောက်ဆုံး Bionic Beaver daily builds…
1 min read
Ubuntu Global Jam – Myanmar LoCo Team
Ubuntu Global Jam ဆိုတာဘာလဲ တကမ္ဘာလုံးရှိ Ubuntu User Group များ LoCo Team များ ဆုံတွေ့ပြီး ubuntu ကိုပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြသည့် ပွဲဟု ပြောနိုင်ပါသည်။ တွေ့ဆုံပွဲများကို…
2 min read




