Skip to content
Class

Money Back System

Ko Ko Ye

Founder

2 min read

Money Back System ဆိုသည်မှာ
သင်တန်းကြေး ပေးသွင်းထားပြီး သင်တန်းတက်ရောက်မှု အချိန်နှင့် နေ့ရက် ပြည့်မှီပါက ၁၀၀% ပြန်လည်ပေးအပ်သည့် စနစ်ကို ဆိုလိုပါသည်။
သင်တန်းကို ပျက်ကွက်မှုရှိပါက ၂၀% မှ ၁၀၀% အထိ ဒဏ်ကြေး ဖြတ်တောက်နိုင်ပါသည်။

အဘယ်ကြောင့် MBS ကို သုံးရပါသနည်း
သင်တန်းပြုလုပ်ရာတွင် နေရာအခက်အခဲ ထိရောက်စွာ သင်ကြားနိုင်ရေးနှင့် အခြားသော အခက်အခဲများအတွက် လူဦးရေကို ကန့်သတ်ရပါသည်။
လူဦးရေကန့်သတ်ရာတွင် ဦးရာလူစနစ်ဖြင့် ကန့်သတ်ပါက

အခမဲ့ဖြစ်သဖြင့် စိတ်မဝင်စားပဲ မှတ်ပုံတင်ခြင်းကြောင့်
အမှန်တကယ်တက်ရောက်လိုသူများ နစ်နာနိုင်စေခြင်း
မှတ်ပုံတင်ပြီးမှ မလာရောက်သဖြင့် တက်ရောက်လိုသူများအတွက် နစ်နာနိုင်စေခြင်း
အခမဲ့ဖြစ်သဖြင့် စိတ်မဝင်စားပဲ လာရောက်ပြီး
စကားများနေခြင်း / အင်တာနက် သုံးနေခြင်း
သင်တန်းကို တစ်ပိုင်းတစ်စနှင့် ထွက်ခွာခြင်းတို့ကြောင့်
သင်တန်းသားများနှင့် ဆရာများကို စိတ်အနှောက်အယှက်ဖြစ်စေခြင်း စသည်တို့ကြောင့်
နည်းလမ်းများစွာထဲမှ လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်သည့် MBS စနစ်ကို အသုံးပြုရခြင်းဖြစ်ပါသည်။

မည်သို့ ငွေပေးသွင်းနိုင်သနည်း
ယခင်က လူကိုယ်တိုင်လာရောက်ပြီး ငွေပေးသွင်းသည့် အခါ အချိန် သွားရလာရခက်ခဲခြင်း စသည့် အခက်အခဲ များစွာရှိသဖြင့် Mobile ဖြင့်ပါ လက်ခံ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါသည်။

Ooredoo အတွက်

လွှဲရမည့် နံပါတ် +959975835995
လွှဲရမည့် USSD *155#
လွှဲရမည့် ပမာဏ 10000

တစ်ခါတည်း ရိုက်နှိပ်ပြီး လွှဲရန်
*155*10000*+959975835995#
http://www.ooredoo.com.mm/mm/Personal/Services/Value%20Added%20Services/Low%20Balance%20Options/Balance%20Transfer?Category=&Item=

Telenor အတွက် 

လွှဲရမည့် နံပါတ် 09798922022
လွှဲရမည့် USSD *979#
လွှဲရမည့် ပမာဏ 10000

*979*2*4*+959798922022*10000*1#
https://www.telenor.com.mm/mm/pages/balance-transfer/171

သို့မဟုတ် CB Bank ၏ Mobile Money အသုံးပြုသူများလည်း ၎င်း Application မှ တဆင့် လွှဲပေးနိုင်ပါသည်။

http://www.cbbankmobile.com/

MPT ဖုန်းများအတွက်

လွှဲရမည့် နံပါတ် 09450022022
လွှဲရမည့် USSD *661#
လွှဲရမည့် ပမာဏ 10000

http://www.mykyat.com/how > Send Money to Anyone
အကယ်၍ အပ်နှံရာတွင် ငွေသွင်းရန် အခက်အခဲ ရှိပါက

Core Member များထံ ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါသည်။

Mobile ဖြင့် ငွေသွင်းရန် ခက်ခဲသူများ လှည်းတန်းသို့ လမ်းကြုံသူများ
အမှတ် ၂၆ (ဘီ) ပထမထပ်၊ မဟာဆိုရှယ်လမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်တွင်လည်း လာရောက်ပေးသွင်းနိုင်ပါသည်။
လှည်းတန်း စိန်ဂေဟာ တလမ်းကျော် တာလီရွှေဆိုင်ဘေးလမ်းမှ ဝင်ပြီး ပထမဆုံးလမ်းဆုံတွင် ညာဘက်သို့ချိုးလာပါက ၃ အိမ်ကျော်ခန့်

မှတ်ချက်။  ။ ပေးသွင်းကြောင်း Record လုပ်ထားရန် လိုအပ်ပါသည်။
သင်တန်းကြေး ပြန်လည် ပေးပို့ရာတွင် လက်ငင်းငွေသား သွင်းသူများအား လက်ငင်းငွေသားဖြင့်၎င်း
Mobile မှတစ်ဆင့် ငွေလွှဲသူများကို Mobile မှတဆင့် ပြန်လွှဲခြင်းဖြင့်၎င်း လွှဲပေးသွားမည် ဖြစ်ပါသည်။

Hack4Kids { Hacking for Kids }

ကလေးများ Hacking ဖြင့် ရင်းနှီးစေရန် ရည်ရွယ်၍ Ubuntu Myanmar LoCo Team မှ ကလေးငယ်များအတွက် Computer / Electronic Hacking အခြေခံများကို ပျော်ရွှင်စွာ သင်ကြားနိုင်ရန်…

Ko Ko Ye

1 min read

Ubuntu Myanmar LoCo Team – Resource

Ubuntu Myanmar LoCo Team Repository is coming this weeks Kanaung Hub – Incubation Center Building 14, 4th Floor, (MICTDC) MICT Park, Hlaing University Campus Hlaing Township,…

Ko Ko Ye

1 min read