Skip to content
Knowledge

LibreOffice – LibreDifesa

Ko Ko Ye

Founder

2 min read

အီတလီ ကာကွယ်ရေးဝန်ကြီးဋ္ဌာနသည် ၂၀၁၅ ခုနှစ်တွင် Microsoft Office Suite ရုံးသုံးဆော့ဝဲများအစား ပွင့်လင်းရင်းမြစ် ရုံးသုံးဆော့ဝဲများ ကို အစားထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုကဲ့သို့ အသုံးပြုခြင်းအားဖြင့် စီးပွားဖြစ် ဆော့ဝဲများသို့ လိုင်စင်အခကြေးငွေ ပေးဆောင်ရခြင်းမှ ကင်းဝေးစေသည်။

အီတလီ ကာကွယ်ရေးဝန်ကြီးဋ္ဌာနတွင် LibreOffice ကိုအသုံးပြုရန် သတ်မှတ်ရွေးချယ်ခဲ့ကြပြီး ပြောင်းလဲ အသုံးပြုနိုင်ရေး စီမံချက်အတွက် LibreItelia Association နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်း အဖွဲ့အစည်းမှာ အကျိုးအမြတ် ရယူရန် ဖွဲ့စည်းထားခြင်းမဟုတ်ပဲ LibreOffice ကို အများပြည်သူ အသုံးပြုနိုင်စေရန် မိတ်ဆက်‌ ထောက်ပံ့ပေးနေသော Non Profit Organization ဖြစ်ပါသည်။

၎င်း အဖွဲ့အစည်းမှ LibreDifesa ဟုအမည်‌ပေးထားသည့် Project အနေဖြင့် အီတလီ နိုင်ငံအနှံ့အပြား စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများကို LibreOffice သုံးစွဲရာတွင် ရင်းနှီး ကျွမ်းကျင် အဆင်‌ပြေစေနိုင်ရေးအတွက် သင်ကြားပေးခဲ့ကြသည်။

LibreDifesa Project ဖြင့် ကာကွယ်ရေးဋ္ဌာန အောက်ရှိ Desktop ကွန်ပျူတာ ၁ သိန်း ကျော်ကို Microsoft Office မှ LibreOffice သို့ ၄ နှစ်တာ အချိန်ယူ၍ ‌ပြောင်းလဲပေးခဲ့သည်။
၂၀၁၇ နှစ်ကုန်တွင် ၇၅၀၀၀ မျှသော Workstation များကို ပြောင်းလဲနိုင်ခဲ့ပြီး ၂၀၂၀ တွင် ကျန်ရှိသော Workstation ၂၅၀၀၀ ကိုပြောင်းလဲမည်ဟု သတ်မှတ်ထားသည်။

ထို့အတူ OSS Project အဖြစ် အီတလီ စစ်ဘက်ဆိုင်ရာ အဖွဲ့ အစည်းများမှ ဦးဆောင်ပြီး Online Education Content များအား LibreOffice ပေါ်တွင် Copyleft license ဖြင့် Online Education System ဖော်ဆောင်လျှက်ရှိသည်။

LibreOffice ကိုပြောင်းလဲ သုံးစွဲတာ‌ကြောင့် လိုင်စင်ကြေး ယူရို ၂၆သန်းမှ ၂၉သန်း အထိ သက်သာခဲ့ပါတယ်။
ကျွန်တော်တို့ workstation ပေါင်း ၅၀၀၀၀ ကျော် ပြောင်းလဲ အသုံးပြုခဲ့ပေမယ့် ကြီးကြီးမားမား ဘာပြသနာမှ မတွေ့ခဲ့ကြပါဘူး လို့
General Camillo Sileo, Deputy Chief of Department VI က‌ပြောပါတယ်။

ဥရောပတိုက်တွင် အကြီးမားဆုံးသော LibreOffice ပြောင်းလဲ အသုံးပြုမှု ဖြစ်နိုင်တယ် လို့လဲ သူကဆိုပါတယ်။

သူပြောပြတဲ့ LibreOffice ပြောင်းသုံးရတဲ့ အကြောင်းပြချက်တွေကတော့

Open Source Software တွေဟာ Proprietary Software တွေထက် ရေရှည်အတွက် စိတ်ချယုံကြည်ရပါတယ်။

Open Documents Format ဟာ သုံးစွဲသူတွေအတွက် စိတ်အချရဆုံးနဲ့ ကုန်ကျစားရိတ် အသက်သာဆုံးဖြစ်ပါတယ်။ ဘယ် OS ဘယ်ဆော့ဝဲ ဘယ်ကုမ္ပဏီပေါ်မှ မမှီခိုပါဘူး။ လိုင်စင်ကြေးတွေ‌ပေးစရာလဲ မလိုပါဘူး။ ရေရှည်ထောက်ပံ့မှုအတွက်လဲ စိတ်ချရပါတယ်။ Open Government ဖြစ်ဖို့အတွက် အရေးအကြီးဆုံး အ‌ခြေခံအချက်လဲ ဖြစ်ပါတယ်။

ကာကွယ်ရေးဋ္ဌာနရဲ့ ရှိသမျှ ကွန်ပျူတာတိုင်းမှာ တူညီတဲ့ LibreOffice Version တွေပဲ အသုံးပြုကြတာကြောင့် MS Office ရဲ့ OS မတူလို့ ‌ဆော့ဝဲမတူတဲ့ပြသနာတွေ Software Version မတူလို့ မကိုက်ညီတာတွေ မရှိတော့ပဲ အလုပ်ပိုပြီး‌မြောက်ပါတယ်။

အကြီးစား အသုံးစားရိတ် အ‌နေနဲ့က‌တော့ လက်ရှိသုံး‌နေတဲ့ Microsoft Office Version ဟာ ‌နောက် ၅ နှစ်မှာ အထောက်အပံ့ရပ်မှာဖြစ်လို့ Version အသစ် ထပ်ဝယ်ရမယ်ဆိုရင် တခါ လိုင်စင်ကြေး ထပ်ကုန်ဦးမှာ ဖြစ်ပါတယ်။ LibreOffice အသုံးပြုထားလို့ လောလောလောဆယ် ယူရို ၂၆ သန်းကနေ ၂၉သန်းအထိ ကုန်ကျစားရိတ် သက်သာပါတယ်။

ဒါတွေက အီတလီ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှာ LibreOffice ပြောင်းသုံးခဲ့တဲ့ LibreDifesa Project အတွေ့အကြုံပဲဖြစ်ပါတယ်။

TaggedfossItalianLibreDifesaLibreIteliaLibreOfficeOSS

Ubuntu Member and Ubuntu-MM Core Member

Ubuntu Member ဆိုတာဘာလဲ Ubuntu MM Core Member ဆိုတာဘာလဲ Ubuntu Myanmar LoCo Team ရဲ့ Event တွေတိုင်းမှာ Core Member တွေပါဆိုပြီး ကျွန်တော်တို့ မိတ်ဆက်ပေးတိုင်း အထင်ကြီးတဲ့လူ…

Ko Ko Ye

4 min read

FOSS Compliance

Open Source ကိုသုံးတဲ့ ကုမ္ပဏီတွေက Compliance Program ကိုအဘယ်ကြောင့်လိုအပ်တာလဲ? Open Source Software ကိုကုမ္ပဏီတွေရဲ့အသုံးပြုမှုဟာ အခုအခါမှာစံပြအနေနဲ့ရပ်တည်နေပြီး 2015 ခုနှစ်ရဲ့…

Ko Ko Ye

5 min read

SFD – Software Freedom Day 20-sep-2014

စက်တင်ဘာလ တတိယပတ် စနေနေ့ဟာ အခမဲ့လွတ်လပ် ဆော့ဝဲနေ့ဖြစ်ပါတယ်။ တကမ္ဘာလုံးက ဒီနေ့မှာ Software Freedom Day အဖြစ်ဆင်နွဲကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က Ubuntu Myanmar LoCo Team နဲ့…

Ko Ko Ye

1 min read