Keymagic 1.5.2 Trusty Tahr (ibus-keymagic)
Ko Ko Ye
Founder
2 min read

Ubuntu Myanmar LoCo Team မှ Ubuntu 12.04 LTS (Precise Pangolin) ကို အခြေခံ၍ အင်တာနက်မှ Software များ Download ရယူရန်မလိုသော Update / Upgrade ဖြစ်ပြီးသား Ubuntu LTS အဖြစ် Ubuntu-MM 12.04 LTS ကို ထုတ်ဝေခဲ့ပါသည်။
အဆိုပါ Ubuntu-MM LTS တွင် ပါဝင်သော Keymagic သည် သုံးရလွယ်ကူခြင်း မြန်မာနိုင်ငံတွင်ရှိ တိုင်းရင်းသားများ (မွန် ရှမ်း ပလောင် ဗမာ စသည်)တို့ အတွက် Unicode ဖောင့် Zawgyi ဖောင့်တို့နှင့် အဆင်ပြေလွယ်ကူစွာ ရေးသား အသုံးပြုနိုင်ခြင်းတို့ကြောင့် လူကြိုက်များလှပါသည်။

အဆိုပါ Keymagic သည် Windows, Linux နှင့် Mac OS တွင်ပါ အသုံးပြုနိုင်သော cross-platform ဖြစ်နေခြင်းမှာလည်း လူကြိုက်မျာခြင်း အကြောင်းတစ်ရပ်ဖြစ်နေပါသည်။
ယခု Ubuntu 14.04 LTS (Trusty Tahr) တွင်လည်း Keymagic Developer Thant That Khin Zaw ထံတွင် ခွင့်ပြုချက် ရယူပြီး ibus-keymagic အမည်ဖြင့် Ubuntu Myanmar LoCo Team PPA မှ ရယူသုံးစွဲနိုင်ရန် စီစဉ်ထားပါသည်။
အသုံးပြုပုံ
Terminal ကို ဖွင့်ပါ (Ctrl+Alt+T)
အောက်ပါစာကြောင်းတို့ကို တကြောင်းစီ ကူးယူ အသုံးပြုပါ။
sudo add-apt-repository -y ppa:ubuntu-mm/ppa
sudo apt-get update
sudo apt-get install ibus-keymagicibus-setup &
ibus-daemon -rdx
Unity Dash မှ Text Entry ကို ရွေးပါ။
+ Sign လေးကို နှိပ်ပြီး Keyboard အသစ်ထည့်သွင်းရန် ရွေးချယ်ပါ။
Zawgyi ဟု ရိုက်ပါက Zawgyi နှင့် ပတ်သက်သမျှ ပြသမည်ဖြစ်ပြီး KeyMagic ဟုရိုက်ရှာပါက Keymagic Keyboard များကို ပြသပါလိမ့်မယ်။
မိမိနှစ်သက်ရာ ကီးဘုတ်ကို ထည့်သွင်းပါ။
ကီးဘုတ် ပြောင်းလဲရာတွင် မိမိနှစ်သက်ရာ Key သို့မဟုတ် Key အတွဲအားသတ်မှတ်ထားနိုင်ပါသည်။
အခြား ကီးတွဲများနှင့်ထပ်နေခြင်း မဖြစ်စေရန် ဂရုပြုရပါမည်။
ဥပမာWindows မှာကဲ့သို့ Ctrl+Shfit ထားနိုင်သော်လည်း Terminal တွင် သုံးသည့် Ctrl+Shift+C (copy) Ctrl+Shift+v (paste) တို့နှင့် ထပ်နေနိုင်ပါသည်။
ထို့နောက် Indicator bar မှ Keyboard ရွေးချယ်၍ဖြစ်စေ သတ်မှတ်ထားသော Key ကိုနှိပ်၍ဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါပြီ။
ပါဝင်သော ကီးဘုတ် စာရင်း
MonBur.km2
Mon.km2
Myanmar3.km2
MyanSan.km2
myWin.km2
OU-Khamti.km2
OU-Mon.km2
OU-Myanmar.km2
OU-Palaung.km2
OU-Pao.km2
OU-Shan.km2
OU-Taile.km2
OU-Taitham.km2
PangLongShan.km2
Parabaik.km2
Uni-Mon.km2
Yunghkio SHAN.km2
Zawgyi L.km2
Zawgyi L – Unicode.km2
Zawgyi Tai.km2
အခြားသော Debian Base OS များတွင်လည်း ရယူအသုံးပြုနိုင်ပါသည်။
Debian, Kali Linux, BackTrack, Gnome, Mint, Pinguy,
other (Windows/Mac) OS for download
http://keymagic.googlecode.com
Special Thank to Thant Thet Khin Zaw(KeyMagic), Thura Hlaing (ibus maintainer), Sai Mawn Kham (Kick-Ass) ;)
More in Application & Softwares
Git multi account
Developer အတော်များများဟာ Email တခုနဲ့ ssh key ၂ ခု ၃ ခုလောက်ထပ် ပိုသုံးကြလေ့ မရှိပါဘူး။ Personal Development နဲ့ Contract Project တွေ Freelance Project တွေမှာ အကောင့်တခု အီးမေးလ်…
4 min read
Packet tracer 7.2.2 installation on Ubuntu (libpng12.so.0 – solved)
ပထမဆုံး https://www.netacad.com/courses/packet tracer ကနေပြီးတော့ packet tracer course ကို enroll လုပ်ပြီး packet tracer ကိုဒေါင်းလုတ် လုပ်ပါ.. အဲ့ကနေ မ down တက်ရင်လဲ…
2 min read
Raspberry Pi Multiboot with berryboot – Parrotsec run GNS3 cisco on RaspberryPi
RaspberryPi Multiboot with berryboot Parrotsec run GNS3 cisco on RaspberryPi ပထမဆုံး Browser ကနေပြီတော့ https://sourceforge.net/projects/berryboot/ berryboot zip file ကို ဒေါင်းပါ…
2 min read







