Skip to content
Movie Review

Invictus ( 2009 )

Negative

Contributor

2 min read

နိုင်ငံတွင်းမှာ ဘာသာရေး နိုင်ငံရေး ပြ`သနာ မျိ ုးစုံ ဖြစ်တိုင်း သတိတရရှိမိတဲ့ကား ဒီနေ့ပြန်ထုတ်ကြည့်ဖြစ်တဲ့ကား .

၂၇ နှစ်ကြာ အကျဉ်းကျခံရပြီးနောက်မှာ တောင်အာဖရိက လူဖြ ူလူမည်းဆန့်ကျင်ရေး နဲ့ လူ့အခွင့်အရေး သမား နယ်လ်ဆင်မင်ဒဲလား ( Nelson Mandela ) လွတ်ငြိမ်းချမ်းသာခွင့်ရရှိလာခဲ့ပါတယ် ။ လေးနှစ်အကြာ ရွေးကောက်ခံရပြီးနောက် ပထမဆုံး President အနေနဲ့ ရင်ဆိုင်လိုက်ရတာကတော့ အငြင်းပွားမှုတွေ ရာဇဝတ်မှုတွေပဲဖြစ်ပါတယ် ။ မင်ဒဲ့လားအနေနဲ့ သူ့ အိပ်မက်ဖြစ်တဲ့ “အရောင်အသွေးစုံလင်သော တောင်အာဖရိက နိုင်ငံတော်သစ်” အဖြစ်ပြောင်းလဲဖြစ်ဖို့ ပထမဆုံး သူ့ ကိုယ်ရံတော်တပ်ဖွဲ့ ထဲကို လူဖြ ူတွေခေါ်ထည့်လိုက်ပါတယ် ။ ဒီမှာ သူ့ကိုလုပ်ကြံဖို့ကြိုးစားနေကြတဲ့ လူဖြူတွေကို ကိုယ်ရံတော်အဖြစ်ခန့်အပ်ရပါ့မလားဆိုပြီး ကိုယ်ရံတော်တပ်ခေါင်းဆောင် က အငြင်းပွားပါတော့တယ် ။ ဒီနေရာမှာ မင်န်ဒဲလားပြောသွားတာလေးက သိပ်လှပါတယ် ” အရောင်အသွေးစုံလင်တဲ့ နိုင်ငံတော်သစ်စပြီကွ ချစ်ကြည်ရင်းနှီးမှု စပြီး ချစ်ခြင်းတွေခြုံရင်လုံခြံ ုပါတယ် စမ်းကြည့်လိုက်စမ်းပါ ဂျက်ဆင် မင်းလုပ်နိုင်ပါတယ် “

တဲ့ ။

( သိပ်လှတဲ့စကားပါ အကြောင်းအရာ ပဋိပခတိုင်းကို ချစ်ခြင်းမေတ`တာတွေနဲ့ ဖြေရှင်းမယ်ဆိုအရာအားလုံးအဆင်ပြေမှာပါ )
အဲ့ဒီလိုအချိန်မှာ တောင်အာဖရိကကိုယ်စားပြု နိုင်ငံတော် ဘောလုံးအသင်းအား ခြေစွမ်းတွေကျဆင်းပြီး အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ် ။ ဒီလိုအချိန်မျိုးမှာ အလံတော်ဟောင်းကို ကိုယ်စားပြုတဲ့ အသင်းဝတ်စုံကြောင့်ဆိုပြီး လူမည်းတွေဟာ အသင်းဝတ်စုံကိုပြောင်းဖို့ တောင်းဆိုကြပါတယ် ။ ဒီလို အသင်းဝတ်စုံပြောင်းလဲရေး ဆန်ဒထုတ်ဖော်ပွဲတစ်ခုကို မဒီဘာ ( နယ်လ်ဆင်မင်ဒဲလားရဲ့ငယ်နာမည်ပါ ) ကိုယ်တိုင်သွားရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ် ။ ဒီနောက် တောင်အာဖရိက ရပ်ဂီဘောလုံးအသင်းခေါင်းဆောင် မင်န်ဒဲလားကို ဆန့်ကျင်တဲ့ မိသားစုက ပေါက်ဖွားလာသူ လူဖြ ူတစ်ယောက်ဖြစ်တဲ့ François Pienaar ကိုခေါ်တွေ့ပါတယ် ။ ဒီလို တွေ့ဆုံပွဲမှာ မဒီဘာ ဘာတွေပြောမလဲ သူတို့ ပန်းတိုင်ဖြစ်တဲ့ ကဘာ့ ဖလားကို အောင်နိုင်ပါ့မလား အရောင်အသွေးစုံလင်တဲ့ နိုင်ငံကော ဖြစ်လာပါသလား ?

ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ ။ ဒီနေရာမှာ ရပ်ဂီဘောလုံးပွဲ ကဘာ့ဖလားဆိုတာ နိုင်ငံရဲ့ ပဋိပခတစ်ခု ပြ`သနာတစ်ခုရဲ့ ပြယုဂ်တစ်ခုသပ်သပ်ဖြစ်ပါတယ် ။ ဒီလိုပဲ ကျွန်တော်တို့ နိုင်ငံတွင်းမှာလဲ ပြ`သနာတိုင်းကို ချစ်ခြင်းမေတ`တာတွေနဲ့ ဖြေရှင်းနိုင်မယ်ဆို အရောင်အသွေးစုံလင်တဲ့ နိုင်ငံတော်သစ်ကြီးတစ်ခုအဖြစ် မြင်တွေ့ရနိုင်တယ် ။

Operation Take Down

Directed by Joe Chappelle Written by Tsutomu Shimomura (book) John Markoff (book) David Newman") Leslie Newman John Danza Howard A. Rodman Starring Skeet Ulrich Russell Wong…

Negative

1 min read

Super Natural

အခုတော့ နာမည်တော်တော်ကြီးနေပါပြီ ကိုယ်တွေစကြည့်တုန်းက ဘယ်သူမှတောင်ကောင်းကောင်းမသိသေးဘူး အမှန်အတိုင်းဝန်ခံရရင် ကြည့်ဖူးသမျှ လူကား ( Not Anime ) တွေထဲမှာသူ့လောက်အပိုင်းရှည်ပြီး (…

Negative

1 min read