Skip to content
Application & Softwares

advanced power management tool – TLP

Ko Ko Ye

Founder

1 min read

USE of TLP

Laptop တော်တော်များများမှာ သုံးနေရင်း လိုတာထက်ပိုပူလာတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒါကကျွန်တော်တို့တွေရဲ့ laptop performance ကိုလျော့လာစေတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

Ubuntu users တွေအနေနဲ့ ဒီပြဿ နာကိုအလွယ်တကူဖြေရှင်းနိုင်မယ့် “TLP” ဆိုတဲ့ advanced power management tool တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
TLP မှာ battery သက်တမ်းအတွက် optimized လုပ်ပြီးသား configuration က default ပါပြီးသားဖြစ်တဲ့ အတွက်ကြောင့် install ပြီးတာနဲ့ run ပေးလိုက်ရုံပါပဲ။

Install ဖို့ ဒီ cmd ကို ရိုက်ပါ –

sudo add-apt-repository ppa:linrunner/tlp
sudo apt-get update
sudo apt-get install tlp tlp-rdw

ပြီးရင် terminal မှာ

sudo tlp start

ဆိုပြီး run ပေးရုံပါပဲ။

တစ်ခြားထပ်ပြီး config လုပ်စရာမလိုတဲ့အတွက် technical details တွေမသိလို့ ခေါင်းပူနေစရာလည်းမလိုပါဘူး။ ကိုယ်လည်းခေါင်းအေး ကိုယ့် Ubuntu environment လေးလည်းခေါင်းအေးမယ့် ရိုးရှင်းတဲ့အကွက်လေးတစ်ခုပါ။

ဒါ့အပြင် TLP ဟာကိုယ်တစ်ခြားထပ်လိုချင်တဲ့ အချက်တွေအတိုင်းလည်း ကြိုက်သလို customize လုပ်လို့လည်းရပါသေးတယ်။

ဒါကိုတော့ နောက်topic တစ်ခုအနေနဲ့ထပ်ရေးပေးသွားပါ့မယ်။

GUI လေးနဲ့ ကြည့်ချင်ရင်တော့

  1. ဒီကနေ Download ဆွဲပါ https://github.com/d4nj1/TLPUI/archive/master.zip
  2. ဖိုင်ကို ဖြည်ပြီး Python 3 နဲ့ ဒါမျိုး Run လိုက်ပါ။ python3 tlpui.py

Git သုံးတဲ့သူတွေဆိုရင်တော့

git clone https://github.com/d4nj1/TLPUI.git
cd TLPUI
python3 tlpui.py

post by ThuTa Tun

TaggedManagementPowerTLPubuntu

Steam and Dota2 on ubuntu

Steam and Dota2 on ubuntu Gamer တော်တော်များများကတော့ steam နဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ windows သုံးနေရာကနေ ubuntu ကိုပြောင်းသုံးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ…

Ko Ko Ye

1 min read

Samba Configuration

Ubuntu 16.0.4 တွင် samba server installation and configuration ပြုလုပ်နည်းကို ပြောပြပေးသွားပါမည်။ Samba ဆိုသည်မှာ File Server တစ်မျိုးဖြစ်ပြီး Linux နှင့် တခြား OS တို့ကို…

Ko Ko Ye

2 min read